JSC Intrud ကုမ္ပဏီသည် လူ့စွမ်းအားအရင်းအမြစ်အတွက် အထောက်အကူပြုသည့် အလုပ်အကိုင် ရှာဖွေခေါ်ယူစုဆောင်းရေးအတွက် နိုင်ငံရပ်ခြား နီးဝေးနိုင်ငံများမှ အရည်အချင်းပြည့်မှီသည့် နိုင်ငံတကာမှ ဝန်ထမ်းကောင်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပို့ဆောင်ပေးခြင်းကို နိုင်ငံတကာဆိုင်ရာ အထူးစီမံကိန်းကြီး တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်သွယ်ရန်
ကျွန်ုပ်တို့၏ ချဉ်းကပ် ဆောင်ရွက်ချက်များ

အဓိကဈေးကွက်များ

ဤစီမံကိန်းတွင် အလုပ်သမား ဈေးကွက်အကြီးမားဆုံးများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကိုရီးယား၊ မြန်မာ၊ တူရကီ၊ သီရိလင်္ကာတို့ ပါဝင်ကြပါသည်။

လေးနက်သော ရွေးချယ်ပေးမှု

အလုပ်ရှင်၏ လိုအပ်ချက်များနှင့် ကိုက်ညီနေစေရန်အတွက် ဝန်ထမ်းလောင်းတစ်ဦးချင်းစီကို သေချာစွာ ရွေးချယ်ပေးလျက်ရှိပါသည်။

ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း

လုပ်ငန်းစီိမံကိန်းအနေဖြင့် အလုပ်သမားများအတွက် ကာကွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာများ၊ အခွန်ဥပဒေများနှင့် သက်ဆိုင်သော ကိစ္စများကို ခြွင်းချက်မရှိ အာမခံပြီး  အလုပ်ရှင်များနှင့် ဝန်ထမ်းလောင်းများ၊ သို့မဟုတ် အလုပ်သမားဝန်ထမ်းများအတွက် အန္တရာယ်ရှိစေမည့် ကိစ္စများကိုလည်း ဖယ်ရှားပေးမည်ဖြစ်ပါသည်။

ထိရောက်သော စီမံခန့်ခွဲမှု

အဆိုပါ ပရောဂျက်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မည်သည့်နေရာတွင်မဆို မဖြစ်မနေ လိုအပ်သော ဝန်ထမ်းလောင်း အရေအတွက်ကို ခေါ်ယူနိုင်စေပြီး ထိရောက်သော စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အဖြစ်လည်း အထောက်အပံ့ဖြစ်စေပါသည်။

စက်မှုလုပ်ငန်းများ

အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။

စားသောက်ကုန်ထုတ်လုပ်ခြင်း၊ အထည်အလိပ် ထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ထုပ်ပိုးမှုပိုင်းဆိုင်ရာ ထုတ်လုပ်ခြင်း။

အသားနှင့် နို့ထွက်ပစ္စည်းဆိုင်ရာ မွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်ရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး၊ စပျစ်သီးပင် စိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး။

အမြန်ချောပို့ခြင်း၊ မြို့ပြ သယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံများ။

မြို့ပြပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်သာယာစေရန် ဖန်တီးစီစဉ်ပေးခြင်း၊ အဆောက်အဦးများ နှင့် အဆောက်အအုံများအား ပြုပြင်မွမ်းမံပေးခြင်း၊ အမှိုက်သရိုက် စွန့်ပစ်ခြင်း။

စက်မှုလုပ်ငန်းများ

ဆောက်လုပ်ရေး

အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။

ထုတ်လုပ်မှု

စားသောက်ကုန်ထုတ်လုပ်ခြင်း၊ အထည်အလိပ် ထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ထုပ်ပိုးမှုပိုင်းဆိုင်ရာ ထုတ်လုပ်ခြင်း။

စက်မှုလယ်ယာ စိုက်ပျိုးရေး ကဏ္ဍ

အသားနှင့် နို့ထွက်ပစ္စည်းဆိုင်ရာ မွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်ရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး၊ စပျစ်သီးပင် စိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး။

သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်မှု

အမြန်ချောပို့ခြင်း၊ မြို့ပြ သယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံများ။

အိမ်ရာနှင့် အခြားလူနေမှု ဆိုင်ရာ အသုံးအဆောင်များ

မြို့ပြပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်သာယာစေရန် ဖန်တီးစီစဉ်ပေးခြင်း၊ အဆောက်အဦးများ နှင့် အဆောက်အအုံများအား ပြုပြင်မွမ်းမံပေးခြင်း၊ အမှိုက်သရိုက် စွန့်ပစ်ခြင်း။

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ် လုပ်ဆောင်ပုံ
01

အလုပ်ရှင်ထံမှ လျှောက်လွှာ

  • ရှာဖွေမှု အပေါ်တွင် သဘောတူညီမှုရှိခြင်းနှင့် လိုအပ်ချက်များအပေါ် လက်မှတ်ရေးထိုးခြင်း။
  • စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် ခွဲတမ်း ရရှိသော ဖြစ်စဉ်အပေါ်တွင် စီမံခန့်ခွဲခြင်း။
02

လျှောက်ထားသူများကို ရှာဖွေခြင်းနှင့် ရွေးချယ်ခြင်း

  • လျှောက်ထားသူများကို ရွေးချယ်ခြင်းနှင့် အကဲဖြတ်ခြင်း၊
  • အင်တာနက် online မှ တဆင့် စစ်ဆေးခြင်း၊
  • သက်ဆိုင်ရာ တိုင်းပြည်မှ ထွက်ခွါရန်အတွက် လိုအပ်သော စာရွက်စာတမ်းများအား ပြင်ဆင်ခြင်း၊
  • လေဆိပ်သို့ လိုက်လံပို့ဆောင်ခြင်း။
03

ခွင့်ပြုချက်ဆိုင်ရာ စာရွက်စာတမ်းများအား ပြင်ဆင်ခြင်း

  • စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် နိုင်ငံတော်သို့ သက်ဆိုင်ရာ အခကြေးငွေများ ပေးဆောင်ခြင်း၊
  • ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊
  • ရုရှားဘာသာစကား တတ်ကျွမ်းမှုကို စစ်ဆေးခြင်း၊
  • လက်ဗွေနှိပ်ခြင်း။
04

အလုပ်၏ နေရာသို့ ပို့ဆောင်ပေးခြင်း၊

  • လေဆိပ်၌ တွေ့ဆုံခြင်း၊
  • နေထိုင်ရမည့်နေရာသို့ ပို့ဆောင်ခြင်း၊
  • စာရွက်စာတမ်း လက်ခံရယူခြင်းနှင့်  စစ်ဆေးစဉ် ကာလအတွင်းတွင် ဝန်ထမ်းလောင်းအား လိုက်ပါ ဆောင်ရွက်ပေးခြင်း။
05

လုပ်ငန်းစဉ် အတွင်း စောင့်ကြည့်ပေးခြင်း

  • ရုရှားနိုင်ငံတွင် နေထိုင်စဉ် အတွင်း တွေ့ကြုံလာနိုင်မည့် လူနေမှုဘဝ အခြေအနေ အမျိုးမျိုးအတွက် လုပ်ဖော်ကိုင်ဖက်များအား အကူအညီများကို ပေးခြင်း။
  • မထင်မှတ်ထားသော အခြေအနေ အခက်အခဲ အမျိုးမျိုးကို Call Center ဖုန်းမှ တဆင့် ကူညီ တိုင်ပင် ဖြေရှင်းပေးရန် အမြဲအဆင်သင့်ရှိနေခြင်း။
  • အလုပ်အပေါ် စွမ်းဆောင်နိုင်ရည်နှင့် ကောင်းစွာ လုပ်ဆောင်နိုင်မှုကို ထိန်းသိမ်း စောင့်ကြည့်ပေးခြင်း။
  • အပတ်စဉ်တိုင်း၊ လစဉ်တိုင်းရှိ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်မှုများအတွက် ကြီးကြပ်ထိန်းသိမ်းပေးမည့် စာရင်းများအား ပြုစုပေးခြင်း။

အဆင့်အတန်းမြင့်စွာ ကျွမ်းကျင်ပိုင်နိုင်သော အတိုင်ပင်ခံ များနှင့်ပက်သက်၍ ဆိုရလျှင် တိကျမြန်ဆန် ပိုင်နိုင်စွာ လုပ်ကိုင်မှုရှိခြင်း၊ ဧည့်သည်များ၏ လိုအပ်ချက်များအပေါ်တွင် သေချာစွာ ဂရုတစိုက်ဖြင့် လုပ်ကိုင်ကြခြင်းတို့ကိုသာ မီးမောင်းထိုးပြလိုပါသည်။

Dmitry Volkov
Managing Partner
PJSC "SAMOLET"

လုပ်ငန်းနယ်ပယ်တွင် နက်ရှိုင်းသော ကျွမ်းကျင်မှုသည် အကောင်းဆုံး ဖြေရှင်းပေးစေနိုင်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်မှုများကိုလည်း ရရှိစေနိုင်ပါသည်။ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အကျိုးဖြစ်ထွန်းပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို အမြဲမျှော်လင့်ရယူပိုင်ဆိုင်နိုင်ခြင်းသာ ဖြစ်ပါသည်။

Stanovova V.S.
CEO
Capital Group

JSC Gazprombank အနေဖြင့် ယခုကဲ့သို့ ယုံကြည်စိတ်ချရပြီး ဖောက်သည် customer များစွာကို ရှာပေးနိုင်ရုံမက အောင်မြင်မှုအသီးအပွင့်များနှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းတို့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပြီး ကျေးဇူးများလည်း အထူးတင်ရှိပါသည်။

T.G. Khachoturov
ဘုတ်အဖွဲ့ ဒုတိယ ဥက္ကဌ
JSC Gazprombank
သုံးသပ်ချက်များ
သတင်းများ

24/4/2024

ရုရှားနိုင်ငံရှိ ပစိဖိတ်ကုန်သည်ကြီးများအသင်းသည် ၎င်း၏ နှစ်ပတ်လည် HR ညီလာခံကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသည် "HR နယ်ပယ်ကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေသော ကမ္ဘာကြီးဆီသို့" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ AmCham ဘုတ်အဖွဲ့ဝင် Barry Sheridan မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ အစုအဖွဲ့အစည်းအဝေးများသည် အလုပ်သမားစည်းမျဉ်း၊ ဆန်းသစ်တီထွင်မှုနှင့် မဟာဗျူဟာများ၏ ဥပဒေနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

Intrud ကုမ္ပဏီ ၏ Operations Director Elena Velyaeva သည် "CIS မဟုတ်သောနိုင်ငံများမှ နိုင်ငံရပ်ခြားအလုပ်သမားများ ရှားပါးခြင်းနှင့် ဆွဲဆောင်ခြင်း" ၏ နောက်ဆုံးပေါ်ပြန်လည်သုံးသပ်ချက်ကို ဖော်ထုတ်ပေးခဲ့ပါသည်။

10/4/2024

မြန်မာနိုင်ငံမှ ရုရှားသို့ အလုပ်သမား ရွှေ့ပြောင်းမှု အခွင့်အလမ်းများ ပိုမို များပြားလာနေသည်။

နှစ်နိုင်ငံအစိုးရဆိုင်ရာ ကော်မရှင်တွင် ရုရှားနိုင်ငံဘက်မှပါဝင်သူ Intrud JSC ကုမ္ပဏီသည် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် Road Show တစ်ရပ်ကို ကျင်းပခဲ့ပြီး မြန်မာ(blue collar)လုပ်သားများကို ရုရှားအလုပ်သမားဈေးကွက်သို့ ခေါ်ယူရန် ရွေးချယ်မှုများကို တင်ဆက်ခဲ့သည်။

ကုမ္ပဏီသည် လူပေါင်း ၂.၅ သန်းခန့် လုပ်သားရှားပါးမှုကို လျှော့ချရန် ဗဟိုအစိုးရ ရည်မှန်းချက်များနှင့်အညီ လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် ဆေးဝါးကုသရေး၊ အသက်အာမခံ၊ ဘာသာစကား၊ ဥပဒေနှင့် အစိုးရအာဏာပိုင်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ပက်ကေ့ခ်ျဖြေရှင်းချက်များအား ကမ်းလှမ်းထားသည်။

ကျွန်ုပ်တို့၏အမြင်အရ၊ ဦးစားပေးအနေဖြင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအား အထည်အလိပ်လုပ်ငန်းများအပြင် ရုရှားနိုင်ငံတောင်ပိုင်းဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများသို့ပါ ခေါ်ယူနိုင်မည်ဖြစ်သည်

4/4/2024

INTRUD ကုမ္ပဏီသည် ပုဂ္ဂလိက အလုပ်အကိုင်အေဂျင်စီများအသင်း၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ 2024 ခုနှစ် ဧပြီလ 4 ရက်နေ့တွင် AChAZ အထွေထွေအစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပါသည်

14/3/2024

၇ ကြိမ်မြောက် အရှေ့ဖျား ဆောက်လုပ်ရေးဖိုရမ်တွင် အမျိုးသားဆောက်လုပ်ရေးမူဝါဒအတွက် ရုရှားနိုင်ငံလုံးဆိုင်ရာဗဟိုဌာနနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

မတ်လ 14 ရက်နေ့တွင် JSC "Intrud" သည် အရှေ့ဖျား ဆောက်လုပ်ရေးဖိုရမ်တွင် ပါဝင်ခဲ့သည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ဝန်ထမ်းရေးရာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ရုရှားနိုင်ငံလုံးဆိုင်ရာ အမျိုးသားတည်ဆောက်ရေးမူဝါဒဆိုင်ရာ ဗဟိုဌာနနှင့် လက်မှတ်ရေးထိုးခဲ့သည်။ မန်နေးဂျင်းဒါရိုက်တာ Dmitry Lapshinov က ဆောက်လုပ်ရေးလုပ်ငန်းတွင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းရန် ဖြစ်နိုင်သောနည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

23/2/2024

စိန့်ပီတာစဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးသည် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အိန္ဒိယ အလုပ်သမားစုဆောင်းရေးအေဂျင်စီနှင့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၃ ရက်က စိန့်ပီတာစဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၌ အလုပ်သမားဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို Intrud JSC ရုံးချုပ် နှင့် Kalibre (India) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

22/2/2024

အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့အစည်းနှင့် ပက်သက်၍ အိန္ဒိယနှင့် သဘောတူညီချက်တစ်ရပ်ကို အလုပ်သမား ဖိုရမ်တွင် သဘောတူညီမှုတစ်ရပ် ရေးထိုးခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ၈ ကြိမ်မြောက်ဖြစ်သော စိန့်ပီတာစဘတ် နိုင်ငံတကာ အလုပ်သမား ဖိုရမ်တွင် အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။ မော်စကိုမြို့တော်မှ JSC Intrud နှင့်  Magic Billion ( ဌာနခွဲ TGM Services Pvt Ltd ) တို့အကြား အလုပ်သမား ဖလှယ်မှုဆိုင်ရာ နှစ်ဦး နှစ်ဖက်နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

27/1/2024

ရုရှား - မြန်မာ ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ရုရှား - မြန်မာ စီးပွါးရေး ဖိုရမ်တွင် Intrud JSC နှင့် ARA Academy ( မြန်မာ ) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အသင်းအဖွဲ့
Irina Baranova

CEO

Bio
Dmitry Lapshinov

အမှုဆောင်ဒါရိုက်တာ

Bio
Kirill Belov

မိတ်ဖက်များ၊ပူးတွဲလုပ်ငန်းများ နှင့် M&A အဖွဲ့ဝင် ဒါရိုက်တာ

Bio
Elena Velyaeva

COO

Bio
Olga Goryaynova

အလုပ် အမှုဆောင် ညွှန်ကြားရေးမှုး

Bio
Anna Ruzina

ဥပဒေကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူး

Bio
Irina Yakovleva

အီရီနာ ယာကိုဗလီဗာ အထွေထွေညွှန်ကြားရေးမှူး၏အကြံပေး

Bio
Tatyana Shevchenko

ဖောက်သည်ဆက်ဆံရေးဒါရိုက်တာ

Bio
Elena Yakovleva

ရီလျန်နာ ယာကိုဗလီဗာ ကာစတန်မာ ဝန်ဆောင်မှုဌာနမှူး

Bio
Evgeniya Silina

ငွေကြေးမန်နေဂျာ

Bio
Win Aung Kyaw

ဝင်းအောင်ကျော််် စီမံကိန်း ညှိနှိုင်းရေးမှူး

Bio
Valeria Vodovozova

စီမံကိန်း မန်နေဂျာ

Bio
Irina Smirnova

စီမံကိန်း မန်နေဂျာ

Bio
Anastasiya Spivak

စီမံကိန်း မန်နေဂျာ

Bio
Darya Kantemirova

စီမံကိန်း မန်နေဂျာ

Bio
Julia Platova

စီမံကိန်း မန်နေဂျာ

Bio

ရှာဖွေရန် လျှောက်လွှာ

ခလုတ်ကိုနှိပ်ခြင်းဖြင့်၊ သင်သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာမူဝါဒကို သဘောတူပါသည်။
Спасибо!

Ваша заявка принята.

Мы свяжемся с вами в ближайшее время!
Не удалось отправить. 
Попробуйте еще раз

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်