သတင်းများ

5/7/2024

သီရိလင်္ကာသို့ စီးပွားရေးမစ်ရှင်- ရုရှားနိုင်ငံသို့ အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုအတွက် လူသားအရင်းအမြစ်

သီရိလင်္ကာမှ ရုရှားဖက်ဒရေးရှင်းသို့ အလုပ်သမား ရွှေ့ပြောင်းမှု အခွင့်အလမ်းများ တိုးပွားလျှက်ရှိသည်။
2024 ခုနှစ် ဇူလိုင်လ 1 ရက်မှ 4 ရက်နေ့အထိ ပူးတွဲစတော့ရှယ်ယာကုမ္ပဏီ "Intrud" ကိုကိုယ်စားပြုသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သီရိလင်္ကာရှိ Rossotrudnichestvo ကိုယ်စားလှယ်ရုံး၏အကူအညီဖြင့် ကိုလံဘိုမြို့ရှိ အစည်းအဝေးပွဲများ ဆက်တိုက်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးပွဲများတွင် သီရိလင်္ကာအလုပ်သမားများကို ရုရှားအလုပ်သမားဈေးကွက်သို့ ဆွဲဆောင်နိုင်သည့် လုပ်ငန်းများကို တင်ပြခဲ့သည်။ ၎င်းအစည်းအဝေးပွဲများကို သီရိလင်္ကာနိုင်ငံဆိုင်ရာ ရုရှားသံရုံးနှင့် မော်လ်ဒိုက်ဆိုင်ရာ ရုရှားသံရုံး၊ သီရိလင်္ကာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် အထူးပြုဌာနများ၊ စစ်ဆေးရေး ဌာနများ၊ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ ထို့အပြင် Summit Lanka Ltd., Sisara (private) Ltd, Maxims Overseas Holdings (Pvt) Ltd, Chelcey Holdings, Sierra, CST Resources (Pvt) Ltd, Port City Colombo, Opportunity Sri Lanka, Jolanka (Pvt) Ltd, စသည့် ကုမ္ပဏီများနှင့်လဲ တွေ့ဆုံခဲ့ကြသည်။

Intrud ကုမ္ပဏီသည် ရုရှားနိုင်ငံသမ္မတထုတ်ဖောက်ထားသည့် လူဦးရေစုစုပေါင်း ၂.၅ သန်းခန့် အလုပ်သမားရှားပါးမှုကို လျှော့ချရန် နိုင်ငံတော် စီမံချက်များနှင့်အညီ လုပ်ဆောင်လျှက်ရှိသည်။ နောက်ဆုံးရရှိထားသော အချက်အလက်များအရ 2023 ခုနှစ်တွင် ရုရှားအလုပ်သမားဈေးကွက်တွင် ဆောက်လုပ်ရေးကျွမ်းကျင်သူ ၁.၈ သန်း၊ အထည်အလိပ်လုပ်ငန်းတွင် အလုပ်သမား ၄ သိန်း နှင့် စိုက်ပျိုးရေးကျွမ်းကျင်သူ ၃ သိန်း စသဖြင့် လိုအပ်နေပါသည်။
Intrud ကုမ္ပဏီသည် သီရိလင်္ကာအလုပ်သမားများကို ဝန်ဆောင်မှု အပြည့်နှင့် စုဆောင်းခေါ်ယူရန် ကမ်းလှမ်းထားပါသည်။ ၎င်း ဝန်ဆောင်မှုထဲတွင် အလုပ်ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ ရုရှားဘာသာစကားလေ့ကျင့်ရေးနှင့် စာမေးပွဲဖြေဆိုခြင်း၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ အသက်အာမခံအပြင် ရုရှားနိုင်ငံရှိ အစိုးရဌာနများတွင် ဘာသာစကားဆိုင်ရာ စာမေးပွဲ ဖြေဆိုရာတွင် လည်းကောင်း၊ စာရွက်စာတမ်း လုပ်ဆောင်ရာတွင်လည်းကောင်း လိုက်လံပို့ဆောင်ခြင်းတို့ ပါဝင်သည်။
ရုရှားဘာသာစကားစာမေးပွဲအတွက် ပြင်ဆင်မှုကို Intrud ကုမ္ပဏီနှင့် ရုရှားယဉ်ကျေးမှုစင်တာတို့၏ ပညာရေးပူးတွဲစီမံကိန်း အနေဖြင့် ကိုလံဘိုမြို့ရှိ ရုရှားသံရုံးနှင့် ရုရှားအိမ်တော်(Русский Дом)တို့ ပါဝင်ကျင်းပသွားမည်ဖြစ်သည်။

2024 ခုနှစ်တွင် Intrud ကုမ္ပဏီ သည် သီရိလင်္ကာနိုင်ငံမှ အလုပ်သမား ၁ ၀၀၀ ခန့်ကို ရုရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရွေးထုတ်ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် ဖိတ်ခေါ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး 2025 ခုနှစ်တွင် အလုပ်သမားခေါ်ယူခွင့် ကိုတာ(quota) ထောင်ပေါင်းများစာအထိ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ဦးစာပေးအနေဖြင့် သီရိလင်္ကာမှ အလုပ်သမားများကို အထည်အလိပ်စက်ရုံနှင့် အစားအသောက် ထုတ်လုပ်ရေးစက်ရုံအပြင် ရုရှားနိုင်ငံတောင်ပိုင်းဒေသများရှိ စိုက်ပျိုးရေးစက်မှုဇုန်များသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

ဤပရောဂျက်သည် ကျွန်ုပ်တို့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခိုင်ခံ့စေမည်ဖြစ်ပြီး၊ ရုရှားနိုင်ငံနှင့် သီရိလင်္ကာ နှစ်နိုင်ငံစလုံး အကျိုးစီရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာမည်ဟု Intrud က ယုံကြည်ပါသည်။

အချုပ်အားဖြင့်ဆိုလျှင် ဤခရီးစဉ်သည် အရေးကြီးသော အဆက်အသွယ်များ ရရှိစေခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုတွက် မည်သည့် နယ်ပယ်က အဓိကျကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အနာဂတ်တွင် အကျိုးတူစီမံကိန်းများ ပိုမိုတိုးတက်ဖို့အတွက်လည်း ခိုင်မှာသည့် အုတ်မြစ်ချနိုင်ခဲ့သည်။
ထို့ကြောင့် ဤခရီးစဉ်သည် အလွန်အကျိုးရှိသော ခရီးစဥ် တစ်ခုဖြစ်ခဲ့သည်။

‍

‍

5/7/2024

Business-breakfast Intrud - Gazprom Neft - PROFESSIONALS 4.0

2024 ခုနှစ် ဇူလိုင်လ 5 ရက်နေ့ မော်စကိုမြို့တွင်၊ INTRUD ကုမ္ပဏီနှင့် Gazprom Neft - PROFESSIONALS 4.0 ဌာနခွဲများသည် လုပ်ငန်းကိစ္စများ ဆွေးနွေးရန် နံနက်စာစားပွဲကျင်းပခဲ့ကြသည်။
ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့် မရှိသည့်နိုင်ငံများမှ အလုပ်သမားများ စိတ်ဝင်စားမှု ရရှိစေရေး ကိစ္စရပ်များကိုဆွေးနွေးရန် အတွက်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားတွင် ရုရှားထိပ်တန်းကုမ္ပဏီများဖြစ်သည့် Sibur၊ Samolet Development၊ PIK၊ OZON၊ Cherkizovo နှင့် အခြားကုမ္ပဏီများ ပါဝင်ခဲ့သည်။

ဤဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ နိုင်ငံခြားအလုပ်သမားများ ခေါ်ယူခွင့် ကိုတာ(quota) ရယူခြင်း
ကိုတာ ရရှိရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး အချိန်ကုန်ကြောင်း  ဆွေးနွေးပွဲ တက်ရောက်သူများက မှတ်ချက်ပြုကြသည်။ လျှောက်လွှာများ ကြည့်ရှု့စစ်ဆေးသည့်အချိန်ကို လျှော့ချရန်အတွက် အကြံဉာဏ်များအပါအဝင် လုပ်ထုံးလုပ်နည်းကို ရိုးရှင်းစေရန် ကမ်းလှမ်းချက်များနှင့် အကြံပြုချက်များ ထုတ်ဖော်ပြောကြားခဲ့ကြသည်။

၂။ ရုရှားဘာသာစကား စာမေးပွဲနှင့် ရုရှားသမိုင်းစာမေးပွဲ ဖြေဆိုခြင်း
နိုင်ငံခြားအလုပ်သမားများအတွက် အဓိကအတားအဆီးမှာ ရုရှားဘာသာစကားနှင့် ရုရှားသမိုင်း စာမေးပွဲဖြေဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားအလုပ်သမားများအတွက် စာမေးပွဲကို အကောင်းဆုံး ပြင်ဆင်နိုင်ပြီး၊ အကောင်းဆုံး ဖြေဆိုနိုင်ရန် နည်းလမ်းများ အပြင် ၎င်းတို့အတွက် အထူးဘာသာစကားသင်တန်းများ ဖန်တီးပေးနိုင်ရန်လည်း ဆွေးနွေးခဲ့ပါသည်။

၃။ အလုပ်သမားများ အလုပ်ခွင်နှင့် လိုက်လျောညီထွေမှု ရရှိစေခြင်း
အစည်းဝေးပွဲတက်ရောက်သူများသည် အလုပ်သမားများ အလုပ်ခွင်နှင့် လိုက်လျောညီထွေမှု ရရှိစေရေးတွက် အောင်မြင်စွာ အသုံးပြုခဲ့သည့်နည်းလမ်းများကို မျှဝေခဲ့ကြသည်။  ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အချင်းချင်းရိုင်းပင်းကူညီခြင်းသည် လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေမှု ရရှိစေရေးတွက်အရေးပါကြောင်း ပြောကြားခဲ့သည်။ ဤအစည်းဝေးပွဲ၏ အချုပ်ကို ပြောရမည်ဆိုလျှင် ရွှေ့ပြောင်းလုပ်သားများ အတွက် ပိုမိုကောင်းမွန်သည့် အခြေနေတစ်ရပ် ဖန်တီးရန်နှင့် ဤကဲ့သို့သောအစည်းအဝေးပွဲများကို ပုံမှန်ကျင်းပနိုင်ရန် ဖြစ်သည်။ အမြဲတမ်း ပုံမှန် ကျင်းပနိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရပိုင်းဆိုင်ရာ ဌာနများအကြား နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပွဲတက်ရောက်သူများက ပြောကြားခဲ့သည်။

‍

6/5/2024

SPIEF-2024

ဇွန်လ 5 ရက်၊ SPIEF-2024 ဖိုရမ်၊ “ရုရှားနှင့် အိန္ဒိယတွင် အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဒိုင်းနမစ်များ- စဉ်ဆက်မပြတ် တိုးတက်မှုအတွက် သော့ချက်များ။” ဆွေးနွေးပွဲတွင် JSC Intrud ၏အထွေထွေညွှန်ကြားရေးမှူး Irina Baranova သည် မော်စကိုအစိုးရ၏ဖိတ်ကြားချက်အရ "ရုရှားတွင်ဝန်ထမ်းရှားပါးမှု" ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။ Irina သည် ဗိသုကာနှင့် မြို့ပြစီမံကိန်း၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးအတွက် အိန္ဒိယမှ ရုရှားသို့ နိုင်ငံခြားအလုပ်သမားများ စုဆောင်းခြင်း၏ ထူးခြားမှုများအကြောင်း ပြောဆိုခဲ့သည်။ "ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် BRICS နိုင်ငံများမှ လူ့စွမ်းအားအရင်းအမြစ် အသုံးပြုခြင်း" ခေါင်းစဥ်အတွက် ရည်ရွယ်သည့် Gazprom Neft ဆွေးနွေးပွဲတစ်ခုတွင်လဲ ၀င်ခဲ့သည်။ စီးပွားရေးနှင့် အစိုးရကိုယ်စားလှယ်များ ကိုယ်စားပြုပြီး ရုရှားဖက်ဒရေးရှင်း၏ အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဒုဝန်ကြီး Dmitry Platygin က ပါဝင်ဆွေးနွေးခဲ့ပါသည်။ ကြာရှည်ပြီး ရှုပ်ထွေးသည့် quoting စစ်နစ်နှင့် မဖြစ်မနေဖြေဆိုရမည့် ရှားဘာသာစကား စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု စသည့် ရှုပ်ထွေးသော ပြဿနာများကို တက်ကြွစွာ ဆွေးနွေးခဲ့ပါသည်။ ရုရှားတွင် အလုပ်သမား အလွန်အမင်း ရှားပါးမှုအား (ရုရှားနိုင်ငံဝင်ရောက်ရန်) ဗီဇာလိုအပ်သောနိုင်ငံများမှ

ရွှေ့ပြောင်းအလုပ်သမားများဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အနီးနားမဟုတ်သည့် နိုင်ငံရပ်ခြားမှ နိုင်ငံခြားသားများကို ခေါ်ဆောင်ပြီး တရားဝင်ဖြစ်အောင် စီစဥ်ဆောင်ရွက်ပေးနိုင်သော ပုဂ္ဂလိက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို အသုံးပြုနိုင်သည်။

‍

24/4/2024

ရုရှားနိုင်ငံရှိ ပစိဖိတ်ကုန်သည်ကြီးများအသင်းသည် ၎င်း၏ နှစ်ပတ်လည် HR ညီလာခံကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသည် "HR နယ်ပယ်ကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေသော ကမ္ဘာကြီးဆီသို့" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ AmCham ဘုတ်အဖွဲ့ဝင် Barry Sheridan မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ အစုအဖွဲ့အစည်းအဝေးများသည် အလုပ်သမားစည်းမျဉ်း၊ ဆန်းသစ်တီထွင်မှုနှင့် မဟာဗျူဟာများ၏ ဥပဒေနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

Intrud ကုမ္ပဏီ ၏ Operations Director Elena Velyaeva သည် "CIS မဟုတ်သောနိုင်ငံများမှ နိုင်ငံရပ်ခြားအလုပ်သမားများ ရှားပါးခြင်းနှင့် ဆွဲဆောင်ခြင်း" ၏ နောက်ဆုံးပေါ်ပြန်လည်သုံးသပ်ချက်ကို ဖော်ထုတ်ပေးခဲ့ပါသည်။

‍

10/4/2024

မြန်မာနိုင်ငံမှ ရုရှားသို့ အလုပ်သမား ရွှေ့ပြောင်းမှု အခွင့်အလမ်းများ ပိုမို များပြားလာနေသည်။

နှစ်နိုင်ငံအစိုးရဆိုင်ရာ ကော်မရှင်တွင် ရုရှားနိုင်ငံဘက်မှပါဝင်သူ Intrud JSC ကုမ္ပဏီသည် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် Road Show တစ်ရပ်ကို ကျင်းပခဲ့ပြီး မြန်မာ(blue collar)လုပ်သားများကို ရုရှားအလုပ်သမားဈေးကွက်သို့ ခေါ်ယူရန် ရွေးချယ်မှုများကို တင်ဆက်ခဲ့သည်။

ကုမ္ပဏီသည် လူပေါင်း ၂.၅ သန်းခန့် လုပ်သားရှားပါးမှုကို လျှော့ချရန် ဗဟိုအစိုးရ ရည်မှန်းချက်များနှင့်အညီ လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် ဆေးဝါးကုသရေး၊ အသက်အာမခံ၊ ဘာသာစကား၊ ဥပဒေနှင့် အစိုးရအာဏာပိုင်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ပက်ကေ့ခ်ျဖြေရှင်းချက်များအား ကမ်းလှမ်းထားသည်။

ကျွန်ုပ်တို့၏အမြင်အရ၊ ဦးစားပေးအနေဖြင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအား အထည်အလိပ်လုပ်ငန်းများအပြင် ရုရှားနိုင်ငံတောင်ပိုင်းဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများသို့ပါ ခေါ်ယူနိုင်မည်ဖြစ်သည်

‍

4/4/2024

INTRUD ကုမ္ပဏီသည် ပုဂ္ဂလိက အလုပ်အကိုင်အေဂျင်စီများအသင်း၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ 2024 ခုနှစ် ဧပြီလ 4 ရက်နေ့တွင် AChAZ အထွေထွေအစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပါသည်

14/3/2024

၇ ကြိမ်မြောက် အရှေ့ဖျား ဆောက်လုပ်ရေးဖိုရမ်တွင် အမျိုးသားဆောက်လုပ်ရေးမူဝါဒအတွက် ရုရှားနိုင်ငံလုံးဆိုင်ရာဗဟိုဌာနနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

မတ်လ 14 ရက်နေ့တွင် JSC "Intrud" သည် အရှေ့ဖျား ဆောက်လုပ်ရေးဖိုရမ်တွင် ပါဝင်ခဲ့သည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ဝန်ထမ်းရေးရာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ရုရှားနိုင်ငံလုံးဆိုင်ရာ အမျိုးသားတည်ဆောက်ရေးမူဝါဒဆိုင်ရာ ဗဟိုဌာနနှင့် လက်မှတ်ရေးထိုးခဲ့သည်။ မန်နေးဂျင်းဒါရိုက်တာ Dmitry Lapshinov က ဆောက်လုပ်ရေးလုပ်ငန်းတွင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းရန် ဖြစ်နိုင်သောနည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

‍

23/2/2024

စိန့်ပီတာစဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးသည် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အိန္ဒိယ အလုပ်သမားစုဆောင်းရေးအေဂျင်စီနှင့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၃ ရက်က စိန့်ပီတာစဘတ်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၌ အလုပ်သမားဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို Intrud JSC ရုံးချုပ် နှင့် Kalibre (India) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

‍

22/2/2024

အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့အစည်းနှင့် ပက်သက်၍ အိန္ဒိယနှင့် သဘောတူညီချက်တစ်ရပ်ကို အလုပ်သမား ဖိုရမ်တွင် သဘောတူညီမှုတစ်ရပ် ရေးထိုးခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ၈ ကြိမ်မြောက်ဖြစ်သော စိန့်ပီတာစဘတ် နိုင်ငံတကာ အလုပ်သမား ဖိုရမ်တွင် အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။ မော်စကိုမြို့တော်မှ JSC Intrud နှင့်  Magic Billion ( ဌာနခွဲ TGM Services Pvt Ltd ) တို့အကြား အလုပ်သမား ဖလှယ်မှုဆိုင်ရာ နှစ်ဦး နှစ်ဖက်နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

27/1/2024

ရုရှား - မြန်မာ ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ရုရှား - မြန်မာ စီးပွါးရေး ဖိုရမ်တွင် Intrud JSC နှင့် ARA Academy ( မြန်မာ ) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။